သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာအရင်းအမြစ်ပံ့ပိုးရေးဌာနခွဲ
Infrastructure as a Service (IaaS) နည်းပညာဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများ နှင့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ ပညာရေးတက္ကသိုလ်များ၊ ပညာရေးကောလိပ်များ အတွက် Website များမှတစ်ဆင့် ပြည်သူများထံသို့ သက်ဆိုင်ရာ တက္ကသိုလ်များ၏ သတင်းများ၊ လုပ်ဆောင်ချက်များကို အချိန်နှင့်တစ်ပြေးညီ အသိပေးတင်ပြနိုင်ရန် နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် Virtual Machine (VM) များ တည်ဆောက်ပေးခြင်း၊ VM အသုံးပြုနည်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းများပေးခြင်း နှင့် သက်ဆိုင်သော နည်းပညာဆိုင်ရာ ဝန်ဆောင်မှုပေးလျက်ရှိပြီး လက်ရှိအချိန်တွင် VM (၆၃) ခု တည်ဆောက်၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာအရင်းအမြစ် (ICT Resource) များ ပံ့ပိုးပေးထားပါသည်။
Website များနှင့်သုတေသနလုပ်ငန်းများအတွက်တည်ဆောက်ပေးထားသော VM အရေအတွက်စာရင်း
ကွန်ပျူတာတက္ကသိုလ်(သထုံ) အတွက် VM Management သင်တန်း ပေးခြင်း
IaaS VM များအား Monitoring, Troubleshooting နှင့် Solution ဆောင်ရွက်စဉ်
Private Cloud Data Center အား ပြုပြင်ထိန်းသိမ်းခြင်းနှင့်အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာန၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများအား Platform as a Service (PaaS) ၊ Infrastructure as a Service (IaaS) ၊ Software as a Service (SaaS) ကဲ့သို့သော ICT အရင်းအမြစ်များ စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရန်အတွက် Private Cloud Data Center တွင် အသုံးပြုထားသော Network ၊ Server ၊ Storage များနှင့် Security ပိုင်းဆိုင်ရာပစ္စည်းများအား နှစ်စဉ် လုပ်ငန်းလိုအပ်ချက်နှင့်အညီ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်သည့် လုပ်ငန်း ဖြစ်ပါသည်၊၊
Firepower တွင် Monitoring ပြုလုပ်ခြင်း
Server များအား Monitoring ပြုလုပ်ခြင်း
Monitoring၊ Troubleshooting နှင့် Solution ဆောင်ရွက်နေစဉ်
သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးအစီအမံများဆောင်ရွက်ခြင်း
Private Cloud Data Center မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာန၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများအား ဝန်ဆောင်မှုပေးထားသော Private Cloud Data Center ရှိ Website များ၊ Learning Management System (LMS) စနစ်များ၊ Virtual Machine (VM) များနှင့် e-service များ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးအစီအမံများ ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပါသည်။
Website တွင် Security ထည့်သွင်းခြင်း
Web Security (F5) Device တွင် Virtual Server များအား Monitoring ပြုလုပ်ခြင်း
Data Center အခန်းရှိ 42 U Rack တွင် Web Security (F5) Device ချိတ်ဆက်အသုံးပြုထားပုံ
Cable Network နှင့် Wi Fi Network တို့ဖြင့် အင်တာနက်အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)ရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများသို့ Cable Network နှင့် WiFi Network တို့ဖြင့် အင်တာနက်အသုံးပြု ရုံးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို ဌာနများ၏ လုပ်ငန်းလိုအပ်ချက်အလိုက် Local Area Network (LAN) ချိတ်ဆက်ပေးခြင်းနှင့် File and Printer Sharing များကိုပြုလုပ်ပေးခြင်း ၊ အင်တာနက်အသုံးပြုနိုင်ရန် Cable Network ဖြင့်သော်လည်းကောင်း WiFi Network ဖြင့်သော်လည်းကောင်း ချိတ်ဆက်ပေးခြင်း၊ ရုံးဌာနမျာအတွင်း Network နှင့် Internet ပိုင်းဆိုင်ရာ Issue များရှိလျှင် ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ အင်တာနက်လိုင်းများ တည်ငြိမ် ကောင်းမွန်မှု ရှိစေရန် ဆောင်ရွက်ပေးခြင်းတို့ပါဝင်ပါသည်။
Firewall တွင် Internet connection နှင့် Data အသုံးပြုသည့် အခြေအနေများအား Monitoring ကြည့်ရှုခြင်း
Wireless Controller တွင် Monitoring ကြည့်ရှုခြင်း
Access Point (AP) များအား Monitoring ပြုလုပ်ခြင်းနှင့် Troubleshooting လုပ်ဆောင်ခြင်း
Office Network Infrastructure အား ပြုပြင်ထိန်းသိမ်းခြင်းနှင့်အဆင့်မြှင့်တင်ဆောင်ရွက် ခြင်း
နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာနမှ ဝန်ဆောင်မှု ပေးလျက်ရှိသည့် Office Network Infrastructure သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၏ နေ့စဉ်လုပ်ကိုင်ဆောင်ရွက်နေသော ICT အသုံးပြုရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်၊ Cable နှင့် Wireless Network များ အဆင်ပြေကောင်းမွန်စွာ အသုံးပြုနိုင်စေရန်နှင့်တည်ငြိမ်မှုရှိစေရန်၊ Network နှင့် Security ပိုင်းဆိုင်ရာ Device များအား နှစ်စဉ် လုပ်ငန်းလိုအပ်ချက်အရ ပြုပြင်ထိန်းသိမ်းခြင်းနှင့်အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်သည့်လုပ်ငန်း ဖြစ်ပါသည်၊၊
Troubleshooting နှင့် Solution ဆောင်ရွက်စဉ်
Data Center အခန်းရှိ Internet Service ဖြန့်ဝေပေးထားသော 42 U Rack
ရုံးခန်းများသို့ Internet ချိတ်ဆက်ပေးထားသည့် Access Switch များပါဝင်သည့် 9 U Rack
ကွန်ပျူတာပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) ရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၏ ကွန်ပျူတာ အသုံးပြုရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် Hardware နှင့် Software နှင့်ပတ်သက်သော Installation၊ Maintenance နှင့် Repair ပိုင်းဆိုင်ရာ အောက်ပါလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။
(က) အသုံးပြုလျက်ရှိသော Computer များကိုပြုပြင်တပ်ဆင်ပေးခြင်း
(ခ) Windows installation နှင့် Repair ပြုလုပ်ပေးခြင်း
(ဂ) Application installation ပြုလုပ်ပေးခြင်း
(ဃ) Data Backup and Recovery ပြုလုပ်ပေးခြင်း
(င) Antivirus Installation and Updating အစရှိသည်များကိုပြုလုပ်ပေးခြင်း
(စ) Hardware ပိုင်းဆိုင်ရာ အစိတ်အပိုင်းများအား အစားထိုး လဲလှယ်ပြုပြင်ပေးခြင်း ။
Windows Installation ဆောင်ရွက်ပေးနေစဉ်
ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်နေစဉ်
ဌာနများ၏ကွန်ပျူတာပြင်ဆင်မှုရာခိုင်နှုန်း
Mini Data Center နှင့် ချိတ်ဆက်ထားသည့် Networking ပိုင်းဆိုင်ရာ Operation ၊ Maintenance & Administration သင်တန်းဖွင့်လှစ်ပို့ချ ဆောင်ရွက်ခဲ့ခြင်း
အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် နည်းပညာဆိုင်ရာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆက်သွယ်ဆောင်ရွက်သွားနိုင်ရန်အတွက် နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့ရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာနမှ IT ပိုင်းဆိုင်ရာ ဝန်ထမ်း(၂၆)ဦးအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်းတွင် စာတွေ့နှင့်လက်တွေ့ပိုင်းဆိုင်ရာများပါဝင်သည့် Mini Data Center (MDC) ၏ Operation ၊ Maintenance နှင့် Administration သင်တန်းကို (၁၄-၁၁-၂၀၂၃)ရက်နေ့ မှ (၁၀-၁-၂၀၂၄) ရက်နေ့ထိ ရက်သတ္တပတ်(၉)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား/သူများ၏ မှတ်တမ်းဓာတ်ပုံ
သင်တန်းပို့ချပေးစဉ်
သင်တန်းပို့ချပေးစဉ်
သီအိုရီပိုင်းဆိုင်ရာ စာမေးပွဲ နှင့် Packet Tracer ဖြင့် လက်တွေ့ပိုင်းဆိုင်ရာ စာမေးပွဲ ဖြေဆိုကြစဉ်
သင်တန်းတွင် ထူးချွန်သူများအား ဆုချီးမြှင့်ပေးစဉ်