သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနသည် “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် ဆန်းသစ်တီထွင်ဖန်တီးမှုကိုအခြေခံသည့် သုတေသနလုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး” ဟူသော မျှော်မှန်းချက်များ ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၅ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနအောက်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၊ စက်မှုနည်းပညာ မြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အောက်တွင် အီလက်ထရောနစ် အုပ်ချုပ်ရေးစနစ်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ကာ ၂၀၂၁ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနအောက်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)ရှိ အဆောက်အဦတွင် တည်ရှိပါသည်။

(က)  သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာကို ပညာရေးနှင့် သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထောက်အကူကောင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ အသုံးပြု နိုင်ရေး၊

(ခ)   ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကို အသုံးပြု၍  smart-office စနစ်အဖြစ်ပြောင်းလဲနိုင်ရေး၊

(ဂ)    ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းဝန်ဆောင်မှုစနစ်အဖြစ်ပြောင်းလဲ အသုံးပြုနိုင်ရေး၊

(ဃ)  Private Cloud Data Center အား နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် အဆင့်မြှင့်တင်ပြီး စဉ်ဆက်မပြတ် အသုံးပြုနိုင်အောင် ဆောင်ရွက်ရေး။

(က)    သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပြည်တွင်းနှင့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပပြုလုပ် နိုင်ရေး ဆောင်ရွက်ခြင်း၊

(ခ)     နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်း၊ သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့်စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန လက်အောက်ရှိ အခြားသော ဦးစီးဌာနများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ နှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာများကို ပံ့ပိုးပေးခြင်း၊

(ဂ)     ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော သတင်း Websites များ၊ သုတေသနနှင့် ပညာရေးအထောက်အကူပြု Online ဝန်ဆောင်မှု လုပ်ငန်းများ အတွက် လိုအပ်သော ICT Infrastructure များကို Data Center မှ ပံ့ပိုးပေးခြင်း၊ နည်းပညာ အကူအညီများ ပံ့ပိုးပေးခြင်းနှင့် လုံခြုံရေးစနစ် အားကောင်းစေရန် စီမံဆောင်ရွက်ခြင်း၊

(ဃ)    ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများအတွက် Website များတည်ဆောက်ပေးခြင်း၊ တည်ဆောက်ထားသော Website များကို ထားသိုရန် နေရာပေးခြင်း (Web Hosting)၊  Website စီမံခန့်ခွဲမှု နည်းပညာသင်ကြားပေးခြင်းနှင့်  နည်းပညာဆိုင်ရာ အခက်အခဲများရှိပါက  Help Desk အနေဖြင့် ကူညီဖြေရှင်းပေးခြင်း ၊

(င)     လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော အွန်လိုင်းဝန်ဆောင်မှုစနစ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အထောက်အကူပြု သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ အသုံးချသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊

(စ)     ဝန်ကြီးရုံးနှင့် ဦးစီးဌာန(ရုံးချုပ်)များအတွက် Internet ကွန်ရက် အသုံးပြုနိုင်ရန် ချိတ်ဆက် ပေးခြင်း၊ Wired and Wireless Network အခြေအနေများကို စဉ်ဆက်မပြတ် စစ်ဆေးပြုပြင် ထိန်းသိမ်းခြင်းနှင့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက် ပေးခြင်း၊

(ဆ)    သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း၊

(ဇ)     ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ကျယ်ပြန့်စွာ အသုံးပြု နိုင်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်း။