သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေးဌာနခွဲ
Staff Management System တည်ဆောက်၍ ဝန်ထမ်းကိုယ်ရေးအချက်အလက်များ စနစ်တကျသိမ်းဆည်းထားရှိခြင်း
ဝန်ထမ်းစီမံခန့်ခွဲမှုစနစ်- Staff Management System (SMS) တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက်စာရင်းဇယားများ၊ ကိုယ်ရေးဖြစ်စဉ်မှတ်တမ်းများကို ဒီဂျစ်တယ်နည်းပညာဖြင့် စနစ်တကျထိန်းသိမ်းထားရှိပြီး နိုင်ငံ့ဝန်ထမ်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် ဝန်ထမ်းများအားခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်း၊ ပြည်တွင်း၊ ပြည်ပသင်တန်းများတက်ရောက်မှု၊ ချီးမြှင့်အပ်နှင်းခံရသည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့်ဂုဏ်ထူးဆောင်တံဆိပ်များ၊ ဝန်ထမ်းပြစ်ဒဏ် ချမှတ်ခြင်းခံရမှုများအစရှိသည်တို့ကို လွယ်ကူလျင်မြန်စွာ လိုအပ်သလို ထုတ်ယူအသုံးပြုနိုင် သကဲ့သို့ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများသည် မိမိ၏ကိုယ်ရေးအချက်အလက်များကို အချိန်မရွေး နေရာဒေသမရွေး ထုတ်ယူအသုံးပြုနိုင်ပါသည်။ SMS အသုံးပြုမှုအခြေအနေနှင့် အခက်အခဲများအား လိုအပ်သလို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် နည်းပညာဝန်ဆောင်မှုများအား စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက် လျက်ရှိပါသည်။
Staff Management System သို့ Login ဝင်ရောက်ခြင်း
Staff Management System အား Online မှသင်တန်းပို့ချခြင်း
Staff Management System အား ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တက္ကသိုလ်ကောလိပ်များအား သင်တန်းပို့ချခြင်း
အခြေခံအသုံးချကွန်ပျူတာသင်တန်းဖွင့်လှစ်ခြင်း
ကွန်ပျူတာအသုံးပြု၍ ဆောင်ရွက်ရသော ရုံးလုပ်ငန်းများအား ကျွမ်းကျင်စွာဖြင့် စနစ်တကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအရည်အသွေးမြှင့်သင်တန်းအဖြစ် အခြေခံအသုံးချ ကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းပို့ချခဲ့မှုများအနေဖြင့် -
(၁) အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန(ရုံးချုပ်)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား (၉-၁၀-၂၀၂၃) ရက်နေ့မှ (၃-၁၁-၂၀၂၃) ရက်နေ့အထိ၊ (၁၈)ဦး
ဖွင့်လှစ်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းများအား ဆက်လက်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိပါသည်။
အခြေခံအသုံးချ ကွန်ပျူတာသင်တန်းပို့ချမှု
အခြေခံအသုံးချ ကွန်ပျူတာသင်တန်းပို့ချမှု
အခြေခံအသုံးချ ကွန်ပျူတာသင်တန်းပို့ချမှု
Advanced Microsoft Excel 2019 သင်တန်းဖွင့်လှစ်ခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် စဉ်ဆက်မပြတ်မြင့်မားလာစေရန်၊ လုပ်ငန်းခွင်အတွင်း ICT ကိုအသုံးပြု၍ ထိရောက်သောပံ့ပိုးမှုများနှင့် ကောင်မွန်စွာစွမ်းဆောင်မှုများပေးနိုင်ရန်၊ ဝန်ထမ်းများအနေဖြင့် ICT နည်းပညာရပ်များကို ပိုမိုသိရှိနားလည်ပြီး မိမိဌာနဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားနိုင်စေရန်၊ e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရေးကို အထောက်အကူပြုနိုင်စေရန်နှင့် စာရင်းဇယားများကို အသုံးပြု၍ လုပ်ဆောင်ရ သောလုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ Advanced Microsoft Excel 2019 သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းပို့ချခဲ့မှုများအနေဖြင့် -
(၁) Advanced Microsoft Excel 2019 (Batch-1) သင်တန်းကို (၁၁-၁၂-၂၀၂၃)ရက်နေ့မှ (၁၂-၁-၂၀၂၃)ရက်နေ့အထိ၊ (၂၀) ဦး
(၂) Advanced Microsoft Excel 2019 (Batch-2) သင်တန်းကို (၁၅-၂-၂၀၂၄)ရက်နေ့မှ (၂၅-၃-၂၀၂၄)ရက်နေ့အထိ ၊ (၂၁) ဦး
ဖွင့်လှစ်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းများအား ဆက်လက်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိပါသည်။
Advanced Microsoft Excel 2019 သင်တန်းပို့ချမှု
Advanced Microsoft Excel 2019 သင်တန်းပို့ချမှု
Advanced Microsoft Excel 2019 သင်တန်းပို့ချမှု
Advanced Microsoft Excel 2019 သင်တန်းပို့ချမှု
Advanced Microsoft Excel 2019 သင်တန်းပို့ချမှု