သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ
Platform as a Service (PaaS) အနေဖြင့် Website များတည်ဆောက်ပေးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများ နှင့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ ပညာရေးတက္ကသိုလ်များ၊ ပညာရေးကောလိပ်များ အတွက် ပြည်သူများထံသို့ သက်ဆိုင်ရာ တက္ကသိုလ်များ၏ သတင်းများ၊ လုပ်ဆောင်ချက်များကို အချိန်နှင့်တစ်ပြေးညီ အသိပေးတင်ပြနိုင်ရန် ရည်ရွယ်၍ Website ကို Content Management System နည်းပညာအသုံးပြု၍ ၎င်းအတွက် လိုအပ်သော Infrastructure Resources (Hosting) ၊ Content Management System တည်ဆောက်ပေးခြင်း (System Installation and System Configuration) နှင့် တည်ဆောက်ပြီး ကိုယ်တိုင် ထိန်းသိမ်းအသုံးပြုနိုင်ရန် စီမံခန့်ခွဲမှုနည်းပညာ ဆိုင်ရာသင်တန်း (Website Development and Management Training) များ သင်ကြားပေးခြင်း၊ လိုအပ်သော နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးခြင်း (Monitoring and Troubleshooting) တို့အား လုပ်ဆောင်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် Website (၉၅)ခု တည်ဆောက်ပေးထားပြီး လိုအပ်သောနည်းပညာများ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ တည်ဆောက်ပေးထားသော Website များ နေ့စဉ် ပုံမှန်လည်ပတ်မှုရှိမရှိ စစ်ဆေးပေးခြင်း၊ လုံခြုံရေးအဆင့်မြှင့်တင်ပေးခြင်း (Security Update)၊ နည်းပညာဆိုင်ရာအခက်အခဲများရှိပါက ပူးပေါင်းဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါသည်။
မော်လမြိုင်တက္ကသိုလ်
နည်းပညာတက္ကသိုလ်(စစ်ကိုင်း)
ကွန်ပျူတာတက္ကသိုလ်(ဘားအံ)
Website Development and Management Training သင်တန်းပေးခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် ဦးစီးဌာနများ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ပညာရေးကောလိပ်များအတွက် Website များကို ကိုယ်တိုင်တည်ဆောက်ရေးဆွဲနိုင်ရန် နှင့် စီမံခန့်ခွဲတတ်စေရန် Website Development and Management သင်တန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ Website Development and Management သင်တန်း ပို့ချခဲ့မှုများအနေဖြင့် -
(၁) ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးကောလိပ်(၁၈)ကျောင်း - (၅.၆.၂၀၂၃) မှ (၁၄.၆.၂၀၂၃)နေ့ ထိ
(၂)နည်းပညာတက္ကသိုလ်(မကွေး)၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း)နှင့် တိုင်းရင်းသားဘာသာစကားဦးစီးဌာန - (၂၈.၆.၂၀၂၃) မှ (၅.၇.၂၀၂၃) နေ့ ထိ
(၃)နည်းပညာတက္ကသိုလ်(နေပြည်တော်) - (၂၄.၇.၂၀၂၃) မှ (၂၈.၇.၂၀၂၃)နေ့ ထိ
(၄)နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)နှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာန - (၇.၈.၂၀၂၃) မှ (၁၁.၈.၂၀၂၃)နေ့ ထိ
(၅)နည်းပညာတက္ကသိုလ်(ဘားအံ)၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ နည်းပညာတက္ကသိုလ်(ပခုက္ကူ) - (၂၃.၁၀.၂၀၂၃) မှ (၂၇.၁၀.၂၀၂၃)နေ့ ထိ
(၆)နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများနှင့် ရုံးချုပ်မှ နည်းပညာအထောက်အကူပြု ဆရာမများ - (၂၆.၂.၂၀၂၄) မှ (၁.၃.၂၀၂၄)နေ့ ထိ
စုစုပေါင်း ဆရာ/မ (၁၀၆) ဦးကို Learning Management System မှတစ်ဆင့် Online တွင် သင်ကြားခြင်းဖြင့်လည်းကောင်း၊ In-person Class အနေဖြင့် ရုံးအမှတ်(၂၁)တွင်လည်းကောင်း သင်တန်းများဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။ သင်တန်းပြီးဆုံးသည့်အခါ မိမိတို့ ဦးစီးဌာန၊ ကျောင်းများအတွက် Webiste များကို ကိုယ်တိုင်ရေးဆွဲနိုင်ပြီး စီမံခန့်ခွဲမှုများပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ အဆိုပါသင်တန်းများကို ကျောင်းများမှ လိုအပ်ချက်အရသော်လည်းကောင်း၊ တောင်းဆိုချက် အရသော်လည်းကောင်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။
နည်းပညာတက္ကသိုလ်(နေပြည်တော်)
နည်းပညာတက္ကသိုလ်(မအူပင်)
ပညာရေးဝန်ကြီးဌာန၊
ရုံးအမှတ်(၁၃)
နည်းပညာတက္ကသိုလ်(မကွေး) နည်းပညာတက္ကသိုလ်(ရမည်းသင်း)၊တိုင်းရင်းသားဘာသာ စကားဦးစီးဌာန
နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၊ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၊ဇီဝနည်းပညာဦးစီးဌာန
နည်းပညာတက္ကသိုလ်
(တောင်ငူ၊ဘားအံ၊ပခုက္ကူ)
Learning Management System များ တည်ဆောက်ပေးခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ကျောင်းများအတွက် သင်ကြားမှု့အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ Online Teaching Method အတွက် လိုအပ်သော Infrastructure Resources (Hosting) ၊ Learning Management System တည်ဆောက်ပေးခြင်း (System Installation and System Configuration)၊ တည်ဆောက်ပြီးနောက် လိုအပ်သော နည်းပညာဆိုင်ရာလိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်ပေးခြင်း (Monitoring and Trobuleshooting)တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် ကိုယ်ပိုင် Domain Name ဖြင့် Learning Management System (၄၀) ခု တည်ဆောက်ပေးထားပြီး လိုအပ်ပါက နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်
နည်းပညာတက္ကသိုလ်(သန်လျင်)
ကွန်ပျူတာတက္ကသိုလ်(သထုံ)
LMS များတွင် Virtual Classroom များ ထည့်သွင်းတည်ဆောက်ပေးခြင်း
လက်ရှိအသုံးပြုနေသော Learning Management System Platform များတွင် သင်ကြားရေးအထောက်အကူပြု Virtual Classroom ထည့်သွင်းတည်ဆောက်ခြင်းများ နှင့် လိုအပ်သော နည်းပညာဆိုင်ရာ အသုံးပြုနည်း သင်တန်းပေးခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။ သင်တန်း ပို့ချခဲ့မှုများအနေဖြင့်
(၁) မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (နေပြည်တော်)
(၂) နည်းပညာတက္ကသိုလ်(မန္တလေး)၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ် (မအူပင်)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)
(၃) နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)
(၄) နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာ အတတ်သင်ကောလိပ် (ဘယ်လင်း) တို့မှ
စုစုပေါင်း ဆရာ/မ (၅၇)ဦး အား Online မှ တစ်ဆင့် သင်တန်းများဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းများကို ကျောင်းများမှ လိုအပ်ချက်အရသော်လည်းကောင်း၊ တောင်းဆိုချက်အရသော်လည်းကောင်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။
နည်းပညာတက္ကသိုလ်(နေပြည်တော်)၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်
နည်းပညာတက္ကသိုလ်(မန္တလေး၊ ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ် (မအူပင်၊ တောင်ငူ)
နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)